တရားလွှတ်တော် ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေများကို ကန့်ကွက်ရန် ရှိ/မရှိ ကိစ္စရပ်များ တရားလွှတ်တော်‌ရှေ့နေများ ကောင်စီအစည်းအဝေး၌ ဆွေးနွေး

0
243

တရားလွှတ်တော် ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေများကို တရားလွှတ်တော် ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ (၂၁၆) ဦးကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ (၃၃)ဦး အပေါ် တရားလွှတ်တော် ရှေ့နေများ ကောင်စီအက် ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့် ကိစ္စကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ (၁)ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေးအတွက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ရေး လျှောက်ထားသည့် ကိစ္စ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ (မန္တလေး)ရုံးခွဲ ဖွင့်လှစ်ခဲ့သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ (နေပြည်တော်) ရုံးအဆောက်အဦ ဆောက်လုပ်ရန် ကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ သီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here