မန္တလေးတွင် စက်သုံးဆီ တန်းစီပြီး စီးပွားဖြစ်ပြန်လည်ရောင်းချမှုများ ရှိနေဟုဆို

0
242

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် စက်သုံးဆီ စီတန်းကာ စီးပွားဖြစ်ပြန်လည်ရောင်းချမှုများ ပြုလုပ်လာခြင်းကြောင့် စက်သုံးဆီ တန်းစီသူအချို့ အခက်ကြုံနေရကြောင်း သိရသည်။

ယနေ့ ဩဂုတ် (၇) အထိ မန္တလေးမြို့တွင် မနက်(၄)နာရီမှစတင်ကာ စက်သုံးဆီကို တန်းစီစောင့်ဆိုင်း ဝယ်ယူနေရကာ သုံးစွဲသူများအကြား လောက်ငှမှုမရှိ ဖြစ်နေဆဲ ဖြစ်သည်။

ထိုသို့ စက်သုံးဆီကို တန်းစီဝယ်ယူရသည့်ရက် ပိုမိုကြာမြင့်လာသောကြောင့် ပြင်ပတွင် အမြတ်တင်ရောင်းချရန်အတွက် မီနိအိုးဝေ၊ ဆိုင်ကယ်များဖြင့် တန်းစီကာ အုပ်စုဖွဲ့ ဆီထုတ်နေကြသူများ ရှိလာခြင်းဖြစ်သည်။

“အသိညီမ တစ်ယောက်ဆို သူ့မောင်လေးက ဆိုင်ကယ်နဲ့လိုက်တန်းစီ၊ ပြီးရင် သူက ပြန်ရောင်းပေးတာ။ တစ်လီတာ ငါးထောင်၊ ခြောက်ထောင်နဲ့။ အချိန်ပေး မတန်းနိုင်သူတွေက ဝယ်ကြတာပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ တန်းစီကာ ပြန်လည်ရောင်းချမှုများကြောင့် ၎င်းတို့နှင့်ပင် တန်းစီသူများပြားခြင်း၊ ဆီအကန့်အသတ်ဖြစ်ခြင်းတို့ ပိုမိုကြုံတွေ့နေရကြောင်း ၎င်းကပင် ပြောသည်။

မန္တလေးတွင် စက်သုံးဆီပြတ်လတ်မှုကြောင့် တန်းစီဝယ်ယူနေရမှုသည် ရက်သတ္တပတ်ကျော်ကြာမြင့်လာပြီဖြစ်ကာ စက်သုံးဆီ ရောင်းချပေးနေသည့် ဆီဆိုင်များတွင် အနည်းဆုံး (၁၂) နာရီကြာအောင် တန်းစီနေရကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here