MBC Tournament boxing ပြိုင်ပွဲ ကျင်းပပြုလုပ်မည်

0
130

မြန်မာနိုင်ငံ boxing အဖွဲ့ချုပ်က ကြီးမှူး၍ MBC Tournament boxing ပြိုင်ပွဲကို ယခုလ ဩဂုတ် (၂၁)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ပြိုင်ပွဲကို အဖွဲ့ချုပ်၏ စည်းမျည်းစည်းကမ်းဥပဒေနှင့်အညီ ရန်ကုန်မြို့ သုဝဏ္ဏကွင်း မြန်မာနိုင်ငံ boxing အဖွဲ့ချုပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြိုင်ပွဲအတွက် ပဏာမ ကစားသမားများကို ဝိတ်တန်းအလိုက် ရွေးချယ်ပြီးစီးသွားပြီဖြစ်ကာ အရွေးခံရသည့် ကစားသမားများကို ဩဂုတ် (၁)ရက်မှ ဩဂုတ်(၂၀) ရက်အထိ နေစားစရိတ်ငြိမ်းဖြင့် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဝိတ်တန်းများအတွင်းမှ A class လူအများဆုံး ဝိတ်တန်းအား ခါးပတ်ပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်အား နိုဝင်ဘာလအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြိုင်ပွဲအတွက် ပဏာမ ကစားသမားများကို ဝိတ်တန်းလိုက် ရွေးချယ်ထားပြီး အမျိုးသမီး boxing မယ်များအဖြစ် ဥမ္မာစိုး (နော်ဥမ္မာစိုး) 60 kg တန်း၊ အေးမြတ်လွင် (ရွှေကိုလေး) 54 kg တန်းနှင့် နန်းဇင်မာဦး (လုံးချော) 54 kg တန်းတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ boxing လောက Professional လောကသို့လျှောက်လှမ်းမည့် အနာဂတ်ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – Myanmar Boxing Commision


LEAVE A REPLY

Please enter your comment!
Please enter your name here