ချန်ဂီလေဆိပ်၌ X – Ray စက်မီးလောင်၍ ဘာလီခရီးစဉ်နှောင့်နှေးခဲ့

0
129

စင်္ကာပူ၊ဩဂုတ် ၆

စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ ခရီးသည်များ၏အိတ်များကိုစစ်ဆေးသည့် X – Ray စက်ချို့ယွင်းပြီး မီးခိုးများထွက်လာကာ မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည် စင်္ကာပူမှဘာလီသို့‌ထွက်ခွာမည့်လေယာဉ်ခရီးစဉ်အတွက် စစ်ဆေးနေချိန်အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ခရီးသည်များကို အခြားဂိတ်တစ်ခုသို့ပြောင်းရွှေ့ပေးထား‌ခဲ့ရကြောင်းသိရသည်။

မီးခိုးငွေ့များထွက်လာပြီး မီးလောင်သဖြင့် မီးခိုးမွှန်ကာအနည်းငယ် ထိခိုက်မှုရှိခဲ့သည့် ခရီးသည်များကို အားဖြည့်အစားအသောက်များပြန်လည်ကျွေးမွေးခဲ့ကြောင်းလည်း လေကြောင်းလိုင်းတာဝန်ရှိသူများကဆိုသည်။

အဆိုပါလေယာဉ်ခရီးစဉ်သည် မူလက နံနက် ၇ နာရီ၌ ထွက်ခွာရန်ပြုလုပ်ထားသော်လည်း မနက် ၉ နာရီမှသာ ထွက်ခွာနိုင်ခဲ့ပြီး ဘာလီသို့ ၁၁ နာရီခွဲတွင်ရောက်ရှိခဲ့ကြောင်းသိရသည်။

ယခုမီးလောင်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိသူများမရှိခဲ့ပဲ မီးလောင်ရခြင်းသည် X – Ray စက်မှ ချို့ယွင်းမှုတစ်ခုကြောင့် ဖြစ်ကြောင်းလည်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here