ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသည့်အတွက် ယာယီ ပိတ်ထားရသည့် စာသင်ကျောင်းများအနက်မှ (၂၆) ကျောင်းအထိ ပြန်လည်ဖွင့်လှစ်

0
89

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည် ကျဆင်းသွားသည့်အတွက် ယာယီ ပိတ်ထားရသည့် စာသင်ကျောင်းများအနက်မှ (၂၆) ကျောင်းအထိ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြစ်ရေ မြင့်တက်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၀) ကို ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

ကျန်ရှိသည့် အနိမ့်ပိုင်းရှိ ကျောင်း (၄)ကျောင်းကိုလည်း မြစ်ရေထပ်မံကျဆင်းပါက ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းများ ပိတ်ထားရသည့် ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် အပတ်စဉ် တနင်္ဂနွေ/ ဥပုသ်နေ့များ ပြန်လည် အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ မြင့်တက် ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာ ကျောင်းပေါင်း (၁၇၀၀)ကျော်အထိ ယာယီ ပိတ်ထားခဲ့ရပြီး လက်ရှိ ရေပြန်ကျသည့် ဒေသအချို့မှ ကျောင်းများကို သန့်ရှင်းပြုလုပ်ပြီး စိစစ်၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here