ယူကရိန်းတပ်များကို တိုက်ထုတ်နိုင်ခဲ့ဟု ရုရှား ပြောကြား

0
376
This handout photograph released by the Kursk Region Governov Alexei Smirnov in his Telegram channel shows damages in the town of Sudzha on August 6, 2024, caused by shelling from Ukranian forces in Russia's Kursk Region. - Russia said on August 6, 2024 that it had repelled an attempted incursion by the Ukrainian army into the Kursk border region, after several operations of the same type claimed in recent months by a group of pro-kyiv fighters. According to the acting governor of the Kursk region, Alexei Smirnov, soldiers of the Ukrainian army carried out "breakthrough attempts" in the Sudzha and Korenevo districts. (Photo by Governor of Kursk Region / AFP)

ယူကရိန်းတပ်ဖွဲ့တစ်ဖွဲ့သည် အင်္ဂါနေ့က ရုရှား၏ ကာ့စ်ဒေသအတွင်းသို့ ကျူးကျော်တိုက်ပွဲဖော်ဆောင်ခဲ့သော်လည်း ရုရှားတပ်များနှင့် နယ်ခြားစောင့်တပ်များက တုန့်ပြန်တိုက်ထုတ်နိုင်ခဲ့သည်ဟု ရုရှားအာဏာပိုင်များက ပြောဆိုသည်။

တင့် ၁၁ စီး၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂၀ ကျော်နှင့် စစ်သည်အင်အား ၃၀၀ ခန့်ပါသော ယူကရိန်းတပ်များသည် ကာ့စ်ဒေသ Nikolayevo-Daryino နှင့် Oleshnya ဧရိယာများရှိ ရုရှားနယ်စပ်စခန်းများကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။

တိုက်ပွဲတွင် ယူကရိန်း တင့်ကား ခြောက်စီး၊ စစ်သည်တင် သံချပ်ကာယာဉ် လေးစီးနှင့် အခြား သံချပ်ကာယာဉ် ခြောက်စီးတို့ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။

ရုရှား၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍မူ လွတ်လပ်စွာ စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးဟု သတင်းက ဖော်ပြသည်။ ယခုအခါ သုံးနှစ်တာကာလအတွင်းရောက်ရှိလာပြီဖြစ်သည့် စစ်ပွဲတွင် သတင်းအမှားဖြန့်ခြင်းနှင့် ဝါဒဖြန့်မှုကို အဓိကကဏ္ဍတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိနေကြကြောင်း သိရသည်။

ရုရှား၏ ထုတ်ပြန်ချက်တွင်မူ ကျူးကျော်တိုက်ခိုက်လာသော တပ်များသည် ယူကရိန်းကြည်းတပ် အမှတ် ၂၂ ယန္တာရားတပ်ရင်း၏ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သော်လည်း စစ်သားများထက် တိုက်ခိုက်ရေးသမားများအဖြစ်သာ ရည်ညွှန်းဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယူကရိန်း စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဋ္ဌာနတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သတင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။

ကာ့စ်ဒေသ၏ ယာယီအုပ်ချုပ်ရေးမှူး အလက်ဇီဆမ်မီယာနော့ဗ်က ဒေသတွင်းတွင် ညအချိန် ယူကရိန်းဒရုန်း ၂၆ စင်းကို ပစ်ချခဲ့ကြောင်း ပြောဆိုခဲ့သည်။

Ref: ယာဟူးနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here