အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ပဲ့ကိုင် ဆင်ဝါကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်

0
140

ပြီးခဲ့သည့် သီတင်းပတ်က အီရန်နိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အဖွဲ့၏ နိုင်ငံရေး ခေါင်းဆောင်ဟောင်း အီစမိုင် ဟာနီယက်၏ နေရာ အတွက် ယာယာဆင်ဝါကို ရွေးချယ်လိုက်သည်ဟု ဟားမတ်စ်အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ဆယ်စုနှစ်များစွာအတွင်း အစ္စရေးကို သေကြေထိခိုက်မှုများစေခဲ့သည့် အဆိုးဝါးဆုံး တိုက်ခိုက်မှုကို ကြိုးကိုင်စီမံခဲ့သည့် ဆင်ဝါမှာ ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေး၏ ၎င်းကိုသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို ရှောင်ကွင်းနိုင်ခဲ့ကာ ဂါဇာတွင် ပုန်းအောင်းနေခဲ့သည်။

အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ကိုဟားမတ်စ်အနေဖြင့် တပ်မှူး ယာယာဆင်ဝါကို ကျဆုံးသွားသော တပ်မှူး အီစမိုင်လ် ဟာနီယက်ကို ဆက်ခံရန် အဖွဲ့၏ နိုင်ငံရေးဗျူယိုခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း အကျဉ်းချုပ် ထုတ်ပြန်ချက်တွင် ဟားမတ်စ်က ပြောဆိုခဲ့သည်။

တေရန်မှာ ဟာနီယက် သတ်ဖြတ်ခံလိုက်ရပြီးနောက် အီရန်၏ လက်တုန့်ပြန်တိုက်ခိုက်လာနိုင်ခြေနှင့် အစ္စရေးရင်ဆိုင်နေရစဉ် ဟားမတ်စ်က ခေါင်းဆောင်သစ်ခန့်လိုက်ခြင်းဖြစ်သည်။ ၄င်းခန့်အပ်မှုအရ ဂါဇာစစ်ပွဲဆိုင်ရာ အဖြေတစ်ခုအတွက် အစ္စရေးအနေဖြင့် ဆင်ဝါနှင့် ရင်ဆိုင်လိုအပ်လာပြီဆိုသည့် သဘောဖြစ်ကြောင်း အီဂျစ်၊ ကာတာတို့၏ ကြားဝင်စေ့စပ်မှုများနှင့် ဆက်စပ်သည့် ဒေသတွင်း သံတမန်တစ်ဦးက သုံးသပ်ခဲ့သည်။

 “ဒါက ပြင်းထန်ပြီး အလျှော့မပေးတဲ့ သတင်းစကားတစ်ခုပါ” လို့ ၎င်းက ပြောသည်။

ဆင်ဝါသည် ၎င်း၏ လူကြီးဘ၀ ထက်ဝက်ခန့်ကို အစ္စရေးအကျဉ်းထောင်များတွင် ကုန်ဆုံးခဲ့သူဖြစ်ပြီး ဟားမတ်စ်အဖွဲ့တွင် ဟာနီယက် သတ်ဖြတ်ခံရပြီးနောက် အသက်ရှင်လျက် ကျန်ရှိသော သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်သည်။ ဟာနီယက် သတ်ဖြတ်ခံလိုက်ရပြီးနောက် ယင်းအတွက် အီရန်က လက်တုန့်ပြန်သွားမည်ဟု ကတိပြုထားသည့်အတွက် ဒေသတွင်း စစ်ဘောင်ကျယ်လာမည့် အခြေစိုက်လာခဲ့သည်။

Ref: သည်စတား


LEAVE A REPLY

Please enter your comment!
Please enter your name here