Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်း တရားရုံး အမိန့်ချ

0
277
Former Thai prime ministerial candidate and ex-Move Forward Party (MFP) leader Pita Limjaroenrat (C) looks on during a press conference at the party headquarters in Bangkok on August 7, 2024. - The Constitutional Court in Bangkok voted on August 7 "unanimously" to dissolve the Move Forward Party and ban its executive board, which includes its former leader Pita Limjaroenrat, for 10 years. (Photo by Chanakarn Laosarakham / AFP)

ထိုင်းနိုင်ငံ၏ လူကြိုက် အများဆုံးသော နိုင်ငံရေးပါတီကို ဖျက်သိမ်းရန် ထိုင်းတရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။ ယင်းစီရင်ချက်သည် ပါတီအတွက် ကြီးမားသော ထိုးနှက်ချက်သကဲ့သို့ ထိုင်းနိုင်ငံရေးကို ပို၍ မငြိမ်မသက်ဖြစ်စေနိုင်သည့် အန္တရာယ်ဟုလည်း ဆိုနိုင်သည်။

ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ဖြင့် နိုင်ငံတစ်ဝန်း အထူးသဖြင့် လူငယ်ထု၏ ထောက်ခံမှု အကြီးအကျယ်ရခဲ့သည့် Move Forward Party သည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး လွှတ်တော်အမတ်နေရာ အများစုအနိုင်ရခဲ့သည်။

ပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး အဆိုပြုခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပါတီကို ဖျက်သိမ်းရမည်ဟု ယနေ့(သြဂုတ် ၇) တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

တရားရုံး၏ တညီတညွတ်တည်း ချမှတ်ခဲ့သော စီရင်ချက်တွင် MFP ပါတီသည် ဘုရင်စနစ်ကို ထိခိုက်စေခဲ့ကြောင်း ယင်းအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ပါတီကို ဖျက်သိမ်းရန် မလွှဲမရှောင်သာ ဆုံးဖြတ်လိုက်ရကြောင်း ဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ တရားစီရင်ချက်အရ ပါတီကို ဖျက်သိမ်းရမည့်အပြင် ပါတီအမှုဆောင်များအနေဖြင့် နိုင်ငံရေးလုပ်ဆောင်ခွင့် ၁၀ နှစ် ပိတ်ပင်ခံခဲ့ရသည်။ တရားရုံး၏ ယင်း စီရင်ချက်ကြောင့် နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အရေးများ ဆုတ်ယုတ်သွားမည်ကို စိုးရိမ်မှုများ တိုးစေခဲ့သည်။

MFP ခေါင်းဆောင်များကမူ ပါတီဖျက်သိမ်းခြင်းသည် ၎င်းတို့၏ လှုပ်ရှားမှုကို ရပ်တန့်စေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်။ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖိထာက ၎င်းတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး MFP သည် နိုင်ငံရေးပါတီများ၏ သင်္ချိုင်းတွင် စတေးခံရသည့် နောက်ဆုံးသော ပါတီဖြစ်စေရမည်ဟု ယခုသီတင်းပတ်က အေပီသတင်းဋ္ဌာနကို ပြောဆိုထားသည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here