ပူတာအိုတွင် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သ- တ်ဖြတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

0
349

ပူတာအိုတွင် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သ တ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အမျိုးသားကို ယမန်နေ့ ဩဂုတ် (၆)ရက်၌ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ပူတာအိုဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြစ်မှုကျူးလွန်သူအား သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုအပြင် လုယက်မှုစသည့် ပုဒ်မ(၃)ခုဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့တော့ ပူတာအိုကနေ မြစ်ကြီးနားထောင်ကို ခေါ်သွားမယ်လို့ သိရတယ်။ မနေ့ကတော့ တရားရုံးအမိန့်ချတဲ့အချိန် ပူတာအိုက လူငယ်တွေ သွားကြတယ်။ အမိန့်ချတဲ့အတိုင်း အကောင် အထည်ဖော်ပေးဖို့လည်း တောင်းဆိုကြတယ်။ စောင့်ကြည့်ရမှာပေါ့။ ဒါက ပူတာအိုမှာ ပထမဆုံး ပြစ်မှု ကြီးကြီးမားမား ကျူးလွန်တဲ့ ဖြစ်စဉ်ပေါ့”ဟု အဆိုပါ ဒေသ ခံက မှတ်ချက်ပြု ပြောကြားသည်။

ပြစ်မှုကျူးလွန်သူမှာ အသက် (၂၄) နှစ်ခန့်အရွယ် ကျော်သူရကို ဆိုသူဖြစ်ပြီး မန္တလေးတိုင်းမှ ပူတာအိုမြို့ရှိ စတီးသံပ န်းနှင့် ပရိဘောဂဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ပြီးခဲ့သော မေလ (၁၀) ရက် ညနေတွင် ဖြ စ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ အသက် (၁၅) နှစ်အရွယ် မိန်းကလေးက စားသုံးဆီသွားဝယ်ရန် နေ အိမ်မှထွက်သွားရာ မိုးချုပ်သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် မိသားစုဝင်များ လိုက်လံရှာဖွေချိန် ည (၁၁) နာရီအချိန်ခန့်တွင် ဒုတ္တန်ရပ်ကွက် (၂) အနီးရှိသက်ကယ်တောအတွင်း ‌ေ-သဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here