တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှုဖြင့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ကြရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး ပြောကြား

0
167

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှုဖြင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ကြရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Ms. Qiao Li က ပြောကြားသည်။

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာ၊ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ စာသင်ကျောင်းအပါအဝင် ကျောင်းပေါင်း (၆)ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် ဘက်စုံပြုပြင်ပြောင်းလဲမှုနှင့် တရုတ်နိုင်ငံအနေဖြင့် ပိုမိုတံခါးဖွင့်လှစ်သော အနေအထားဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေသွားကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

” နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ခင်မင်မှုနှင့် နားလည်မှုကို မြှင့်တင်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းအင်အားများကို စုစည်းကာ တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက် အဝန်းကို အတူတည်ဆောက်ကြရန် မျှော်လင့်‌ကြောင်း”ဟု ပြောကြားခဲ့သည်။

အလားတူ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒုတိယအထွေထွေ အတွင်းရေးမှူးMr. Liu Zhenzhong ကလည်း ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှု သံတမန်” တာဝန်ကို အမြဲထမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်- မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းအင်အားများနှင့် အတူလက်တွဲကာ ပညာရေးနယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here