ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည်

0
277

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်မှစ၍ အရာရှိလောင်း ဒီပလိုမာ သင်တန်းများကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

(၂)နှစ်ကြာတက်ရောက်ရမည့် အဆိုပါသင်တန်း၌ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ် နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းများ ပြီးဆုံးပါက ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာ ဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာ ဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology) တို့ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်းများ အတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀)ရှိရမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေ ဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရမည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို ၂၀၂၄ ခုနှစ် ဇူလိုင် (၁) ရက်မှစပြီး ဩဂုတ် (၃၀) ရက်အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်ပြီး ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိ ဒီပလိုမာသင်တန်းများတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း သင်တန်းအတွက် (၁၃၀)၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း သင်တန်း (၁၃၀)နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းအတွက် (၄၀) အသီးသီး လက်ခံသွားမည် ဖြစ်သည်။

ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်တွင် သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို မော်ကွန်းထိန်းရုံး၊ သင်တန်းဌာနများသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here