ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိ

0
226

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံပိုင်သတင်းစာမှတဆင့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း၊ တွံတေးမြို့ရှိ ငါးလုပ်ငန်း သိပ္ပံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)သို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းသင်တန်းတက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာဖြင့် အောင်မြင်ထားရမည်ဖြစ်ပြီး အသက်(၂၂)နှစ်ထက် မကြီးသူဖြစ်ရန်လိုကြောင်း သိရသည်။

အဆိုပါ သင်တန်းအောင်မြင်ပါက ရန်ကုန်တက္ကသိုလ်တွင် B.Sc(Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်လွှာများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ စက်တင်ဘာလ (၃၀)ရက် နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ရမည်ဖြစ်ပြီးတက်ရောက်ခွင့်ရရှိသူများနှင့် ကျောင်းဖွင့်မည့်ရက်ကို တိုင်းဒေသကြီး၊ ပြည်နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)မှ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here