အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖြေရှင်းရာတွင် ချော့မွေ့စေရေး အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်ဟု နစက ဉက္ကဌ တိုက်တွန်း

0
177

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖြေရှင်းရာတွင် ချော့မွေ့စေရေး အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြား သည်။

ယနေ့ ဩဂုတ်(၈)ရက်တွင် ကျရောက်သည့် (၅၇) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ နစက
ဉက္ကဌ ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် အာဆီယံ နိုင်ငံသူနိုင်ငံသားများအပေါ် ရည်ညွှန်း၍ ထို့သို့ပြောကြားထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာတွင် ယနေ့ကျရောက်သည့် အခါသမယ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပိုမိုစည်းလုံးညီညွှတ်စွာဖြင့် “တစ်ခုတည်းသော အသိုက်အဝန်း” ဆီသို့ ဉီးတည်လျှောက်လှမ်းသင့်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားကာ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ မိမိတို့ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ချော့မွေ့စေရေးအတွက် အဖွဲ့ဝင်နိုင်ငံ အားလုံးက အပြု သဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားထားခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံ မဏ္ဍိုင် (၃) ရပ်ကို လွှမ်းခြုံသော အာဆီယံအသိုင်းအဝန်းဖန်တီးရာတွင် အဖွဲ့ဝင်နိုင်ငံ အားလုံးက ကတိကဝတ်များအပြည့်အဝထားရှိရန်လိုအပ်ကြောင်းနှင့် ထိုကတိကဝတ်များသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အသီးသီးအတွက် အခြေခံကောင်းများဖြစ်ပြီး အာဆီယံအသိုက်အဝန်း၏ ခိုင်မြဲသော အုတ်မြစ်ဖြစ်ကြောင်း ဆိုသည်။

အလားတူ မိမိတို့အနေဖြင့် အာဆီယံ- ရုရှား မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူးတာဝန်ကိုလည်း ယခု ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အရှိန်အဟုန်ဖြင့် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တာဝန်သိ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံ ပဋိညာဉ်စာတမ်း( ASEAN Charter ) နှင့် အညီ အာဆီယံ အသိုက်အဝန်းတည်ထောင်မှု လုပ်ငန်းများတွင် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အတူ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားလျှက်ရှိကြောင်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here