တရုတ် နိုင်ငံခြားရေးဝန်ကြီးသည် အရှေ့အလယ်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆွေးနွေး

0
234

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အင်္ဂါနေ့တွင် ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး အာမန် ဆာဖာဒီတို့နှင့် ဖုန်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အရှေ့အလယ်ပိုင်းရှိ အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယေ လုပ်ကြံသ–တ်ဖြ–တ်ခံရမှုသည် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပိုမိုပြင်းထန်လာစေပြီး အခြေအနေသည် အလွန်အန္တရာယ်များနေပြီဟု ဂျော်ဒန်က ယုံကြည်ကြောင်းနှင့် ပဋိပက္ခ တိုးလာခြင်းသည် မည်သည့်ဘက်အတွက်မျှ အကျိုးရှိမည်မဟုတ်သော်လည်း ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေသည်ဟု ဆာဖာဒီက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပဋိပက္ခများ တိုးမြင့်လာမှုကို ရှောင်ရှားရန်၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများကို ရပ်တန့်ရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးရရှိရန်နှင့် နောက်ဆုံးတွင် ပါလက်စတိုင်း၏ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိရန် ချက်ခြင်းဆောင်ရွက်သင့်ကြောင်းကိုလည်း ဆာဖာဒီက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အမြဲတမ်းနှင့် အပြည့်အဝ အပစ်အခတ်ရပ်စဲရေးရရှိရန် အထောက်အကူဖြစ်စေမည့် ကြိုးပမ်းအားထုတ်မှုများအားလုံးကို အာရပ်နိုင်ငံများနှင့်အတူတကွ အခိုင်အမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းကို ဝမ်ရိက ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here