UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့် ဗီဇာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး

0
337

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များအပါအဝင် အခြားသောအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့ကို ဩဂုတ်လ (၇) ရက်၊ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UND P – UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာ အသုံးပြုမည့် ပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် ကူညီဆောင်ရွက်ပေးမှု အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here