Saturday, December 21, 2024

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...
HomeNewsLocal Newsရှမ်းမြောက် စစ်ရေးတင်းမာနေချိန် တရုတ်အထူးကိုယ်စားလှယ်...

ရှမ်းမြောက် စစ်ရေးတင်းမာနေချိန် တရုတ်အထူးကိုယ်စားလှယ် မြန်မာပြည်လာ

တရုတ် – မြန်မာ နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာနေချိန်တွင် တရုတ်နိုင်ငံ၏ မြန်မာ့အရေးအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း နေပြည်တော်သို့ လာရောက်ခဲ့ကြောင်း သိရသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နစက ဥက္ကဋ္ဌ၏ ပြည်သူများသို့ ပြောကြားချက်တွင် ရှမ်းမြောက်က လက်နက်ကိုင်အဖွဲ့များအား တရုတ်ကနောက်ကွယ်မှ ပံ့ပိုးကူညီနေသည်ဆိုသည့် သဘောသက်ရောက်သည့် ပြောကြားချက်အချို့ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယင်းကဲ့သို့ ပြောကြားအပြီး ရက်ပိုင်းအကြာတွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း၏ နေပြည်တော်ခရီးစဉ် ရုတ်တရက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မစ္စတာ တိန့်ရှီကျွန်းသည် ယနေ့ ဩဂုတ်လ (၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ စုံစမ်းသိရပြီး နစက ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည့် နစက ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် တရုတ် – မြန်မာနယ်စပ်တွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်နက်စက်ရုံများကို နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် နိုင်ငံကို ဖော်ထုတ်ရမည်ဆိုသည့် စကားနှင့် MNDAA ကအသုံးပြုနေသည့် ဒရုန်းများနှင့် ဒုံးများမှာ နည်းပညာအရ ပြန်လည်တီထွင်ထားသည့် ပစ္စည်းများဖြစ်သည့်အတွက် ယင်းသို့လုပ်ဆောင်နိုင်ရန် ပြည်ပမှ နည်းပညာအကူအညီများပေးနေခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း လားရှိုးဖြစ်စဉ်နှင့်ပတ်သက်၍ အင်အားထောင်နှင့်ချီကာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နေပြည်တော်နှင့်ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

အလားတူ တရုတ်မှ ကမကထပြု ကျင်းပနေသည့် (၆) ကြိမ်မြောက် ဟိုင်ဂင် အစည်းအဝေးသို့ တပ်မတော်နှင့် အစိုးရဘက်မှ မတက်ရောက်သည့် ကိစ္စ ၊ ရှမ်းမြောက်ရှိ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့များအား တပ်မတော်ဘက်က လေကြောင်း ပစ်ခတ်မှုများ မလုပ်ရန် တရုတ်က ကြားဝင် ပြောဆိုပေးရန် မြော က်ပိုင်း (၃) ဖွဲ့က တောင်းဆိုမှုများနှင့်လည်း မစ္စတာ တိန့်ရှီကျွန်း၏ ယခုခရီးစဉ်မှာ တိုက်ဆိုင်နေသည်။

” SAC ကို ဖိအားပေးဖို့ လာတယ်လို့တော့ ယတိပြတ်ပြောလို့မရနိုင်ဘူး။ သို့သော်လည်းပဲ ဒီသဘော သက်ရောက်မှုတော့ ရှိနိုင်တာပေါ့။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကလည်း အားလုံး ထင်သာမြင်သာ ရှိနေတာပဲလေ။ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် သဘောမျိုးဆိုတာကိုလေ။ ဘယ်သူတွေနဲ့တွေ့မယ် ၊ ဘာတွေဆွေးနွေးကြမယ်ဆိုကိုတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်၏ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် စတင်တာဝန်ယူခဲ့ပြီး မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံမှုများ ရှိခဲ့သလို နစက ဥက္ကဋ္ဌ အပါအဝင် နစက၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း လာရောက်တွေ့ဆုံမှုများ ရှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန် ဆီအသင်း ဥက္ကဋ္ဌတိုက်တွန်း

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဈေးတင်မရောင်းချရန်နှင့် လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ (၃၅) ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ (၂၁၀၀)...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်”...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို လာရောက်လည်ပတ်သူ များပြားလာ

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ လာရောက် လည်ပတ် ဓာတ်ပုံရိုက်ကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းပန်းခင်းသည် လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားဆဲသာဖြစ်သောကြောင့် ဝင်ကြေးသတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ အဆိုပါ လာဗန်ဒါ ပန်းခင်းကို တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ ဉာဏ်ပင်ရွာအနောက်ဘက်လမ်းမှ ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ကာ ဘုရားဖြူရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ကလောဘက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071