နီပေါမှာရဟတ်ယာဉ် ပျ-က်ကျ၊ယာဉ်ပေါ်ပါ ငါးဦးစလုံး ‌ေ-သဆုံး

0
74
Police personnel surround the remains of an Air Dynasty chopper, after it crashed in Nuwakot district on the outskirts of Kathmandu on August 7, 2024. - A helicopter crashed in central Nepal on August 7, killing all five people aboard including the pilot and four Chinese tourists. (Photo by PRAKASH MATHEMA / AFP)

နီပေါနိုင်ငံတွင် သြဂုတ် ၇ ရက်က ရဟတ်ယာဉ်တစ်စင်းသည် မြို့တော် ခတ္တမန္ဒူအပြင်ဘက်ရှိ တောတွင်းတစ်နေရာတွင် ပျ-က်ကျခဲ့သဖြင့်ယာဉ်ပေါ်ပါသူ ငါးဦးစလုံး‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Dynasty Air ကုမ္ပဏီပိုင် ရဟတ်ယာဉ်သည် မြို့တော်မှ ၃၅ မိုင်အကွာ Nuwakot ခရိုင်ရှိ Shivapuri အမျိုးသားဥယျာဉ်နယ်မြေ ဟိမဝန္တာတောတွင်းတွင် ပျ-က်ကျခဲ့ခြင်းဟု ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ခရစ်ရှ်နာ ပရာဆတ် ဟူမန်ဂန်းက ပြောဆိုသည်။

အခင်းဖြစ်ရပ်အတွင်း ခရီးသည်များဖြစ်ကြသော တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးနှင့် နီပေါနိုင်ငံသား ရဟတ်ယာဉ်မှူးတို့ ‌ေ-သဆုံးခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန် ဘာဟာဒူရ် ကာကီက အတည်ပြုခဲ့သည်။

တောတွင်းမှ မီးတောက်များထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့သည့် ဒေသခံများက အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ခတ္တမန္ဒူမှ ရာဆူဝါခရိုင်သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကာ ပျံတက်အပြီး သုံးမိနစ်အကြာတွင် လေကြောင်းထိန်းချုပ်ရေးနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်ဟု နီပေါ မြို့ပြလေကြောင်းဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Ref: ABS-CBN


LEAVE A REPLY

Please enter your comment!
Please enter your name here