ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ (၂) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့

0
236

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ညီအစ်မ (၂)ဦးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိအိထွန်းနှင့် မအိဇင်ထွန်းတို့ ညီအမနှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ (၂)ဦးသည် ဩဂုတ် (၇) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် ဒူဘိုင်း – ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ည (၁၀) နာရီ (၁၀) မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသောကြောင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြော င်း နစကက အသိပေးထားပြီးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here