66KV ဧရာဝဏ် (၁)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် ဒဂုံမြို့သစ်(၃) မြို့နယ် မီးပျက်မည်

0
468

66kV ဧရာဝဏ် (၁)ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် သြဂုတ် (၉)ရက် နံနက်(၁၀)နာရီမှ နေ့လယ် (၂)နာရီ အချိန်အထိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်အသိပေးထားသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 66kV ဧရာဝဏ်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော 66kV ဧရာဝဏ် (၁)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် သြဂုတ် (၉)ရက်၊ နံနက်(၁၀)နာရီမှ နေ့လယ် (၂)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်း ထုတ်ပြန်သည်။

သို့သော် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here