မြန်မာအမျိုးသမီးလိဂ် Week – 12 အဖွင့် ပွဲစဉ်တွင် နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မြဝတီအသင်း

0
917

ယနေ့ ဩဂုတ်(၈)ရက် ညနေပိုင်းတွင် မြန်မာအမျိုးသမီးလိဂ် Week-12 အဖွင့်ပွဲစဉ်အား ပြန်လည်စတင်ခဲ့ရာ မြဝတီအသင်းက YREO အသင်းအား ပွဲချိန် မိနစ် (၉၀) ပြည့်ချိန်မှသာ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။

YREO အသင်းအနေဖြင့် ပထမပွဲချိန် (၅၁) မိနစ်တွင် စုစုခိုင်က ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဒုတိယပိုင်း (၇၆) မိနစ်အချိန်တွင် မြဝတီအသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပွဲချိန်မိနစ် (၉၀)တွင် မြဝတီအသင်းဘက်မှ ရူပါခိုင်ကအနိုင်ဂိုး (၁)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ယနေ့ ပွဲစဉ်တွင် မြဝတီအသင်းမှာ YREO အသင်းအား (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အသင်းနှစ်သင်း၏ Week-11 အပြီး အမှတ်ပေးဇယားရပ်တည်မှုအရ မြဝတီအသင်းမှာ ရမှတ် (၁၄) မှတ်ဖြင့် အဆင့် (၅)တွင် ရပ်တည်နေပြီး YREO အသင်းမှာ ရမှတ် (၇) မှတ်ဖြင့် အဆင့် (၆)တွင် ရပ်တည်နေသော အသင်းများဖြစ်သည်။

ယနေ့ပွဲစဉ်အပြီး နောက်ကျဂိုးဖြင့် အသင်းအတွက် အနိုင်ယူပေးခဲ့သည့် တောင်ပံကစားသမား ရူပါခိုင်သည် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ပြန်လည်စတင်ခဲ့သည့် မြန်မာနရှင်နယ်လိဂ် အမျိုးသမီး အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-12 အဖွင့်ပွဲစဉ်တွင်
မြဝတီနှင့် YREO၊ ဧရာဝတီနှင့် ISPE၊ ရန်ကုန်ယူနိုက်တက်နှင့် သစ္စာအားမာန် ပွဲစဉ်ကောင်းများလည်း ပါဝင်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here