မြေယာစီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုအခက်အခဲများတွေ့ကြုံနေရဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြော

0
132

မြေယာစီမံခန့်ခွဲမှုများတွင် စိန်ခေါ်မှုအခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

ဆဋ္ဌမအကြိမ် အမျိုးသားမြေ အသုံးချမှုကောင်စီ အစည်းအဝေးကို ဩဂုတ် (၇) ရက်က နေပြည်တော်တွင် ပြုလုပ်စဉ် ထို့ကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ပြောကြားရာတွင် အစိုးရက စီမံခန့်ခွဲနေသည့် မြေများ၌ တရားမဝင် ကျူးကျော်ခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအလိုက် ဥပဒေပြဋ္ဌာန်းမှုများ ချိတ်ဆက်မှု အားနည်းခြင်း၊ ဥပဒေတစ်ခုနှင့်တစ်ခု သဟဇာတမဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။

ထို့ပြင် မြေအရင်းအမြစ် အချက်အလက်များနှင့် မြေပုံများ တိကျမှန်ကန်မှုမရှိခြင်း၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရန် အားနည်းခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းစသည့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့နေရကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြည်သူကို အကျိုးပြုနိုင်မည့် လက်တွေ့ကျသည့် မူဝါဒ၊ တရားမျှတသည့် ဥပဒေများ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများဖြစ်လာစေရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် ဥပဒေများကို လေ့လာကာ သဟဇာတဖြစ်စေမည့် အမျိုးသား မြေဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးသည် အရေးအကြီးဆုံး တာဝန်တစ်ရပ်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here