ပြင်ဦးလွင်မြို့တွင် ပုံမှန်သွားလာလျက်ရှိပြီး အခြေအနေတည်ငြိမ်နေဟုဆို

0
437

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဩဂုတ် (၉)ရက်နေ့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပုံမှန်သွားလာလှုပ်ရှားလျက်ရှိပြီး အခြေအနေတည်ငြိမ်လျက်ရှိကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ကျွန်မက ပြင်ဦးလွင်ရပ်ကွက်ကြီး (၁၈) ကပါ။ ပြင်ဦးလွင်မှာတော့ အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့လုံခြုံရေးကို စစ်ဆေးဆောင်ရွက်နေတာပဲရှိပါတယ်။ အားလုံးကတော့ အေးအေးချမ်းချမ်းပါပဲ။ လိုင်းပေါ်က သတင်းတွေက ကောလာဟလပဲဖြစ်ပါတယ်။ အဲဒီဟာကတော့ ပြင်ဦးလွင်မြို့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်‌နေတဲ့ ကောလဟာလတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းတွင် ယာဉ်အစီးရေ ရာချီကာသွားလာမှု ရှိခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရခြင်းမှာ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဇီးပင်ကြီးသင်တန်းကျောင်းမှ သင်တန်းဆင်းပွဲရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ၏ မိသားစုဝင်များပြောင်းရွှေ့နေသည်ဆိုသည်မှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here