ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပနေသည့် ASEAN Trade Fair 2024 တွင် မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်း ကုမ္ပဏီ (၄)ခုမှ ပြခန်းများ ပါဝင်ပြသ

0
79

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပနေသည့် ASEAN Trade Fair 2024 ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်း ကုမ္ပဏီ (၄)ခုမှ ပြခန်းများ ပါဝင်ပြသလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center- COEX) တွင် ASEAN Trade Fair 2024 ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် (၈) ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးသန့်စင် တက်ရောက်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-KOREA Centre) ၏ အတွင်းရေးမှူးချုပ် အပါအဝင် ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၎င်းဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ခင်းကျင်းပြသသည့် စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ASEAN Trade Fair 2024 တွင် မြန်မာနိုင်ငံမှ စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် Cho Cho Industry Limited၊ Kaung Ko Group Co., Ltd.၊ Ma ni Sanda Maritime Services Co., Ltd.၊ Makro Manufa cturing Co., Ltd ကုမ္ပဏီ (၄)ခုမှ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

ASEAN Trade Fair သည် တောင်ကိုရီးယားနိုင်ငံရှိ ASEA N-KOREA Centre မှ ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ကုန်စည်ပြပွဲတစ်ခုဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ အကြား ကွန်ရက်ချိတ်ဆက်မိစေရန်၊ အာဆီယံနိုင်ငံများရှိ စားသောက်ကုန်ထုတ်လုပ်သည့် SMEs များကို အားပေးရန်၊ တောင်ကိုရီးယားဈေးကွက်တွင် အာဆီယံစားသောက်ကုန်နှင့် အဖျော်ယမကာများ ထင်ရှားလာစေရန်နှင့် ထိုမှတဆင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေးပူးပေါ င်းဆောင်ရွက်မှု မြှင့်တင်ရေးကို အားပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် (၈) ရက်မှ (၁၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here