အီရန်ကအစ္စရေးကို စစ်ပွဲကို ကြီးမားအောင်လုပ်နေသည်ဟု စွပ်စွဲစဉ်အစ္စရေးကဂါဇာကို ထပ်တိုက်

0
196
Palestinians standing on the rubble of the Khan Yunis municipal football stadium look at at smoke billowing during Israeli bombardment of areas to the northeast of Khan Yunis in the southern Gaza Strip on August 7, 2024. (Photo by Bashar TALEB / AFP)

ဂါဇာ၊ဩဂုတ် ၉

အီရန်က အစ္စရေးကို အရှေ့အလယ်ပိုင်း၌ စစ်ပွဲကို ပိုကြီးမားအောင်လုပ်နေသည်ဟု စွပ်စွဲပြောစဉ်အစ္စရေးက ဂါဇာ၌ ၎င်း၏တိုက်ခိုက်မှုကို အရှိန်မြှင့်တင်ခဲ့ကာ ဗုံးကျဲသဖြင့် ကျောင်းနှစ်ကျောင်း ဗုံးဒဏ်သင့်ခဲ့ပြီး ၁၈ ဦးထက်မနည်းထပ်မံ‌ေ-သဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် လူအယောက် ၆၀ ခန့်ဒဏ်ရာရခဲ့ပြီး ၄၀ ကျော်ပျောက်ဆုံးနေသည်ဟုသိရသည်။ယခုလုပ်ရပ်သည် စာသင်ကျောင်းနှင့် အရပ်သားပြည်သူများကို အဓိကထား တိုက်ခိုက်ခြင်းသာဖြစ်သည်ဟုလည်း ဂါဇာအာဏာပိုင်များကဆိုသည်။

ထိပ်တန်းစစ်သွေးကြွခေါင်းဆောင်နှစ်ဦးလုပ်ကြံခံခဲ့ရမှုနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လျက်ရှိပြီး အရှေ့အလယ်ပိုင်းတွင် စစ်မီးပို၍မပျံ့စေရန် တင်းမာမှုကို လျှော့ချဖို့ အနောက်နိုင်ငံများက ကြိုးပမ်းလျက်ရှိသော်လည်း စစ်သွေးကြွများနှင့်၎င်းတို့ကိုထောက်ခံသူ အီရန်နိုင်ငံသားများက လက်စားချေရန်ကြုံးဝါးလျက်ရှိသည်။

အစ္စရေးဘက်ကယင်းသို့လုပ်လိုက်ခြင်းသည် မဟာဗျူဟာမြောက် အမှားကြီးတစ်ခုကိုကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီး ဆက်ဆက်တုန့်ပြန်မည်ဟုလည်းဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အစ္စရေးအနေဖြင့် ထိုးစစ်ရောခံစစ်ပါ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကာ မိမိတို့၏အချုပ်အခြာအာဏာကို ကျိန်းသေကာကွယ်သွားမည်ဟုလည်း စစ်အခြေစိုက်စခန်းတစ်ခု၌ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here