အောက်တိန်း စက်သုံးဆီဈေး အနည်းငယ်ကျလာ

0
254

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးတချို့၏ ယနေ့ ဩဂုတ်လ (၉)ရက် စက်သုံးဆီရည်ညွှန်းလက်လီဈေးအရ အောက်တိန်းစက်သုံးဆီစျေးသည် စျေးအနည်းငယ်ကျလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် ယနေ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးသည် အောက်တိန်း 92 တစ်လီတာလျှင် ၂၇၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်၂၈၉၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၂၉၄၅ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများသည် ယခင်နေ့များက ဈေးနှုန်းများနှင့်ယှဉ်လျှင် အောက်တိန်း 92 နှင့် 95 ဈေး အနည်းငယ်ကျဆင်းလာကာ ရိုးရိုးဒီဇယ်ဈေးမှာ ယခင်နေ့ စျေးနှုန်းများအတိုင်း ဆက်ရှိနေပြီး ပရီမီယံဒီဇယ်ဈေးသည် ယခင်နေ့များထက် အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရသည်။

အလားတူ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ် စတဲ့ မြို့ကြီးများ၏ အောက်တိန်း 92 နီင့် 95 တစ်လီတာဈေးများသည်လည်း အနည်းငယ်ကျဆင်းလာသလို ပရီမီယံဒီဇယ်ဈေးသည် အနည်းငယ် မြင့်တက်လာသည်ကို ထုတ်ပြန်ချက်အရ တွေ့ရသည်။

လက်ရှိအချိန်ထိ ပြည်တွင်းရှိ စက်သုံးဆီဆိုင် အချို့၌ စက်သုံးဆီ ဝယ်ယူရန် ကားများတန်းစီစောင့်ဆိုင်းရခြင်းအနည်းငယ်ရှိရှိနေသေးသော်လည်း ဩဂုတ်လ ဒုတိယပတ်အကုန်ထိ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင် ဖြန့် ဖြူးထားပြီး ဆီတင်သင်္ဘောတွေလည်း ဝင်ရောက်နေကြော င်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here