နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးဖြင့် မဲပေးခွင့်ရရေး လုပ်မည်

0
151

လာမည့် အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ကိုင်ဆောင် မဲပေးခွင့်ရရှိရေး ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ သြဂုတ်(၈)ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးခွင့်ရရှိရေး ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက် (၁) နှင့် (၂)တို့ကို သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက် (၃) ကိုလည်း သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးစေရေး တွန်းအားပေးဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းမှရရှိသည့် စာရင်းအင်း အချက်အလက်များကို e-ID Server အတွင်းမှ အချက်အလက်များနှင့် တိုက်ဆိုင်၊ ပြင်ဆင်၊ ဖြည့်စွက် အတည်ပြုခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး စာရင်းများ မှန်ကန်ပြည့်စုံစေရေး ဝိုင်းဝန်းဆော င်ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သ ည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲ ပြုလုပ်ရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းမူကြမ်းများ မှန်ကန်စေရေး အသက် (၁၈) နှစ်အထက် လူဦးရေစာရင်းများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုပြီး ဗဟိုမြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီသို့ ပေးပိုလျက်ရှိရာ စာရင်းများ မှန်ကန်စေရေးနှင့် အချိန်မီပေးပို့နိုင်ရေး သက်ဆိုင်ရာကော်မတီ အဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ကြရန် လိုကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်မှ (၁၅)ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် အကျိုးရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here