ဂါဇာရှိက-လေ-းငယ်များအရေပြားရောဂါများ ကိုခံစားနေရ

0
229

ဂါဇာ၊ဩဂုတ် ၉

အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့မှုများအကြား ပိတ်မိပြီး အစာရေစာနှင့်ဆေးဝါးပြတ်လပ်မှုကို ဒဏ်ကို ခံစားနေရသည့် ဂါဇာကမ်းမြောင်ဒေသရှိက-လေ-းငယ်များသည် စစ်ဘေးစစ်ဒဏ် ကို သာမက အရေပြားရောဂါဝေဒနာများကိုပါခံစားနေရကြောင်းသိရသည်။

ဆယ်လတာကြာမြင့်ခဲ့ပြီဖြစ်သည့် အစ္စရေးနှင့်ဟားမတ်စ်တို့၏စစ်ပွဲ၌ အစ္စရေးတပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ မဝင်ရောက်နိုင်ပဲ ရိက္ခာနှင့်ဆေးဝါးများပြတ်လပ်ကာ ရေဆိုးများကိုသောက်သုံးနေရသဖြင့် ယခုကဲ့သို့ အရေပြားရောဂါများကူးစက်ဖြစ်ပွားလာကြရခြင်းဖြစ်သည်။

အမှိုက်အညစ်အကြေးများနှင့် စွန့်ပစ်ပစ္စည်းများကို သန့်ရှင်းေရး မလုပ်နိုင်သဖြင့်လည်း ပတ်ဝန်းကျင်ညစ်ပေမှုများကြောင့် အရေပြားဆိုင်ရာရောဂါများဖြဖြစ်ပွားလာခြင်းဖြစ်ပြီး ရောဂါကို ကုသရန်ဆေးဝါးလည်း မရှိသဖြင့် က-လေ-းငယ်များ၏မိဘများက ထိုင်ကြည့်နေရုံမှတစ်ပါး မတတ်သာကြချေ။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံများ၏‌ေ-သဆုံးသူ ဦးရေသည် ၄၀,၀၀၀ ကျော်အထိမြင့်တက်လာကြောင်း ဂါဇာအာဏာပိုင်များကပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့ ၏ စစ်ပွဲသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွများက အစ္စရေးကို စတင်တိုက်ခိုက်ရာမှ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here