စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကုန်စည်(၁၀)မျိုး အပေါ် ဈေးကွက် စောင့်ကြည့်စစ်ဆေး

0
356

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဦးစားပေးကုန်စည်(၁၀)မျိုးအပေါ် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ ( ၃/၂၀၂၄ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၈)ရက်၊ ညနေပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှိ DACA ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ကုန်စည်(၁၀)မျိုးအပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှု အခြေအနေနှင့် ၂၀၂၄ – ၂ဝ၂၅ ဘဏ္ဍာနှစ်အတွက် ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုး ရွေးချယ်လျာထားမှု အမှာစာ(၆)ခုကို အတည်ပြုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ် ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာကော်မတီအနေဖြင့် စားသုံးသူများအခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများအား တိုင်ကြားညှိနှိုင်းဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ၊ ပညာပေးဆောင်ရွက်ခြင်းများ၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အတူ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကိုစားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here