အလုပ်သမား၏ ငွေလွှဲစာရင်းမပြရသေးသည့် အလုပ်အကိုင် အေဂျင်စီများကို စတင်အရေးယူမည်

0
228

ပြည်ပနိုင်ငံများသို့ မိမိတို့တာဝန်ယူ စေလွှတ်ထားသည့် မြန်မာအလုပ်သမားများ၏ မိသားစုဆီလွှဲပို့သည့် လစာငွေလွှဲ စာရင်း မတင်ပြနိုင်သည့် အေဂျင်စီများကို ယခု ဩဂုတ်လမှစတင်ကာ စေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်ငံ့သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား ဝန်ကြီးဌာနကလည်း အေဂျင်စီများအနေဖြင့် မိမိဝန်ဆောင်ကာ စေလွှတ်သည့် အလုပ်သမားများ၏ မိ သားစုလွှဲပို့ငွေ ပေးပို့ထားမှု အခြေအနေများကို အသေးစိတ် ပြုစုတင်ပြရမည်ဖြစ်ကြောင်းလည်း ညွှန်ကြားထားသည်။

ထို့ကြောင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ လွှဲပို့ထားမှု အခြေအနေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို အသေး စိ တ် ပြုစုတင်ပြရန် ဆောင်ရွက်နေကြောင်းလည်း မြန်မာပြ ည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံ မှလည်း သိထားရသည်။

သက်ဆိုင်ရာ အေဂျင်စီများအနေဖြင့် ပြီးခဲ့သည့်နှစ် စက်တ င်ဘာလမှ ယခုနှစ် ဧပြီလအထိ စေလွှတ်ထားသည့် အလုပ် သမားများ၏ မိသားစုလွှဲပို့ငွေ စာရင်းကိုပြုစုကာ Microsoft Excel Soft Copy ဖြင့် ငွေလွှဲပေးပို့သည့် အထောက် အထားများနှင့်အတူ ပူးတွဲ၍ ဇွန်လမှစကာပြီး လစဥ် လဆန်း (၅) ရက်ထက် နောက်မကျဘဲ အလုပ်သမားဝန်ကြီးဌာနထံ ပေးပို့ရန် စေခိုင်းထားခြင်း ဖြစ်သည်။

ထိုနည်းတူ မိသားစုလွှဲပို့ငွေစာရင်းများကို အချိန်မီ တင်ပြခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်သလို ဒဏ်ကြေးငွေကိုလ ည်း ကောက်ခံသွားမည်ဟု အလုပ်သမားဝန်ကြီး ဌာနက အ သိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here