၂၀၂၄ ခုနှစ် EPS-TOPIK နှင့် Skill Test ဖြေဆိုထားသူများ ၏ အောင်စာရင်းများကို အပြီးသတ်ထုတ်ပြန်

0
486

ကိုရီးယားအလုပ်အကိုင်အတွက် ၂၀၂၄ ခုနှစ် EPS-TOPIK နှင့် Skill Test ဖြေဆိုထားသူများ၏ အောင်စာရင်းများကို အပြီးသတ်ထုတ်ပြန်ပေးနေကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် EPS-TOPIK စာမေးပွဲတွေကို ကျင်းပခဲ့ပြီး စာတွေ့နှင့်လက်တွေ့ကျွမ်းကျင်မှုများ စစ်ဆေးပြီးဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်စာရင်းများကို ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ (၉) ရက် နေ့လယ်ပိုင်းအထိ ထုတ်ပြန်ထားသည့်စာရင်းများအရ ဝန်ဆောင်မူ(၂)အတွက် အောင်မြင်သူ ၃,၃၀၀ ကျော်၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် (၁၈၀) ကျော်နှင့် စိုက်ပျိုးရေး/မွေးမြူရေးအတွက် (၂၃၀) ကျော် အောင်မြင်ထားကြောင်း သိရသည်။

အဆိုပါ စာမေးမွဲအောင်မြင်သည့် စာရင်းကို အသုတ်လိုက်ထုတ်ပြန်ပေးနေပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် စိတ်ဝင်စားမှုများပြားနေကြောင်းလည်း သိရသည်။

ယခုနှစ်တွင် ကျင်းပသည့် EPS-TOPIK စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၇၀,၀၀၀)ကျော်ရှိခဲ့ပြီး အဆိုပါ စာမေးပွဲကျင်းပသည့် သက်တန်းတလျှောက်အများဆုံး စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကိုရီးယားနိုင်ငံမှအမျိုးသမီးများပါ သွားရောက် လုပ်ကိုင်နိုင်သည့် ဝန်‌ဆောင်မှုကဏ္ဍကို ထပ်တိုးခေါ်ယူထားသည့်အတွက် စိတ်ဝင်စားမှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here