လေးလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၅) သိန်းကျော်တင်ပို့ခဲ့

0
175

ယခုဘဏ္ဍာနှစ်၏ (၄)လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၅) သိန်း တစ်သောင်းကျော်တင်ပို့ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၂၅၆) သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ လစဉ် ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်း၊ မေလတွင် တန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်တင်ပို့မှုမှ ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် တန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်တင်ပို့မှု ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် တန်ချိန်၁၆၅,၄၄၀ ဒသမ ၃ တန်တင်ပို့မှု ဒေါ်လာ ၈၁ သန်းရှိပြီး ဇူလိုင်လတွင် တင်ပို့မှုအများဆုံးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိစေရန်ရည်မှန်းဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ ပို့ကုန်တင်ပို့သူများ အဆင်ပြေစေရန်အတွက် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏  ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြေလျှော့ပေးထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here