ကုမ္ပဏီ (၃)ခုမှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ဆက်လက် ရောက်ရှိ

0
98

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကားကုမ္ပဏီ (၃)ခုမှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် IM-LS7 နှင့် IM-LS6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရောက်ရှိလာခြင်းဖြစ်သည်။

ထို့ပြင် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X ၊ NETA V နှင့် NETA AYA အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Mini EV အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ အသီးသီး ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here