NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ဈာပနအား မိုင်းလားမြို့တွင် ပြုလုပ်မည်

0
177

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ဈာပနအား ဩဂုတ်(၂၃)ရက်တွင် မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မိုင်းလား အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဈာပန စီမံရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကွယ်လွန်သည်ဟု ကနဦးသတင်းထွက်ခဲ့သော်လည်း အသက်(၇၆)နှစ်အရွယ် ဦးစိုင်းလင်းသည် ဩဂုတ်(၇)ရက်၊ မြန်မာစံတော်ချိန်(၁၀)နာရီ မိန စ်(၄၀) အချိန်တွင် ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ကော်မတီ၏ အသိပေးချက်တွင် ပါရှိသည်။

ဦးစိုင်းလင်းကွယ်လွန်မှုသည် မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားသည့် ဆုံးရှုံးနစ်နာမှု တစ်ရပ်ဖြစ်သလို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄)၏ တိုင်းရင်းသားလူမျိုးစု ပြည်သူတစ်ရပ်လုံးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) အတွက် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် အထူးဒေသ(၄)၏ ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးရေးလမ်းစဉ်ကို ချမှတ်ဦးဆောင်လမ်းပြခဲ့သူဖြစ်သည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို အကောင်အထည်ဖော်ခဲ့သူဖြစ်ပြီး ရှမ်းအရှေ့ မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေးတည်ဆောက်နိုင်ခဲ့သူဖြစ်သည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here