မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

0
205

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်များ ထုတ်လွှင့်နိုင်ရေးနှင့် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ယမန်နေ့ ဩဂုတ်လ (၉)ရက်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur အားလက်ခံတွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်များ ထုတ်လွှင့်နိုင်ရေး၊ အိန္ဒိယနိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် စာပေဗိမာန် အဆောက်အဦကို စက်တင်ဘာလတွင် မင်္ဂလာပန္နက်တင်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေး ကဏ္ဍ၊ စာပေနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့် ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here