ဘရူနိုင်းတွင် ကျင်းပသည့် အာဆီယံနိုင်ငံ့ဝန်ထမ်းအကြီးအကဲများ အစည်းအဝေးနှင့် ဖိုရမ် (၃) ခုအား မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

0
279

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံ့ဝန်ထမ်းများ အကြီးအကဲများ အစည်းအဝေးနှင့်ဖိုရမ် (၃) ခုအား မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။

ဩဂုတ် (၅) ရက်မှ (၇) ရက်အထိ ကျင်းပခဲ့သည့် (၂၂) ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး၊ (၇) ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ ဖိုရမ်တို့ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁ -၂၀၂၅) နှင့် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း၊ အခြားဆက်စပ်အစည်းအဝေးများတွင် ACCSM ကဏ္ဍအတွက် အတည်ပြုချက်နှင့် ဆုံးဖြတ်ချ က်များအပေါ် လေ့လာသုံးသပ်ခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ အဆိုပြုထားသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့်ဘဝဟန်ချက်ညီမှုရှိစေရေး၊ ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးအပေါ် အစိုးရ၏ မဟာဗျူဟာများ ခိုင်မာအားကောင်းရေးဆိုင်ရာ အာဆီယံထုတ်ပြန်ချက်အပေါ် ဆွေးနွေး အတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်များ တင်ပြခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းအကြီးအကဲက (၂၀၂၄-၂၀၂၆) ကာလအတွင်း ၎င်းတို့တာဝန်ယူ ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများနှင့် ဆက်စပ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here