ကိုဗစ်ချေးငွေ ပြန်လည်ပေးဆပ်ခြင်းမရှိသေးသည့် ကုမ္ပဏီများကို အရေးယူမည်

0
172

ကိုဗစ်ချေးငွေ ပြန်လည်ပေးဆပ်ခြင်းမရှိသေးသည့် ကုမ္ပဏီများကို စတင်အရေးယူတော့မည်ဟု ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။

ကိုဗစ်ချေးငွေ ပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ပေးဆပ်ခြင်းမရှိသည့် ကုမ္ပဏီများရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်ချေးငွေ အတိုး ၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် လာရောက်ပေးဆပ်ခြင်းမရှိပါက စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် သတိပေးထားသည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း) ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေများ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုအခါ ချေးငွေသက်တမ်း သုံးနှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီး ဖြစ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ (၃၀) ရက်ထိ ချေးငွေအရင်းနှင့်အတိုး အမြန်ဆုံး ပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ် ဇွန်လ (၆) ရက်တွင် အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြောင့် ကိုဗစ်-၁၉ ချေးငွေကို အချိန်မီ လာရောက်ပေးဆပ်ခြင်း မရှိပါက လုပ်ငန်းတစ်ခုချင်းကို နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန် အသိပေးခြင်း၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here