သစ်ပင်စိုက်ပွဲတော်များ၏ ရည်ရွယ်ချက်မှာ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်ဖြစ်

0
207

နေပြည်တော် ကောင်စီနယ်‌မြေအတွင်း ရေဝေရေလဲဧရိယာများ၌ သဘာဝတောများ ရေရှည်တည်တံစေရေး ဓမ္မတာမျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းလုပ်ငန်းစသည့် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။

နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်ပြီး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်၊ ရေဝေရေလဲဧရိယာများတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရေးရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြိုပြနှင့်ရပ်ရွာအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ “ဥတုရာသီတောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် များစွာပံ့ပိုးကူညီပေးနေကြောင်း ၎င်းကဆိုသည်။

နိုင်ငံအဝန်းသစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတိုကို လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးတို့အတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းက ပြောကြားသည်။

အဆိုပါပွဲတွင်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲများမှ တာဝန်ရှိသူများ၊ မြို့မိမြိုဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်နှင့် မဟော်ဂနီပင်စသည့် သစ်မျိုးငါးမျိုး၊ စုစုပေါင်းအပင် (၅၄၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here