NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ဗဟိုဘဏ်ထပ်ကြေညာ

0
432

NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ (၁၁)ရက်တွင် ဗဟိုဘဏ်မှ ထပ်မံ ထုတ်ပြန်ကြေညာထားသည်။

NUGGETS Viber Group သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှတ်သည့် သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ NUGGETS Viber Group မှ ထပ်မံကြေညာလာသည့်အတွက် ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို မလိုလားသည့် NUGGETS Viber Group အပါအဝင် အဖျက်သမားများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များ စသည်ဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံခြားငွေဈေးနှုန်းများသတ်မှတ်ခြင်း၊ တ ရားမဝင်ရောင်းဝယ်နေခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ဩဂုတ်လ(၉)ရက်တွင် သတင်းထုတ်ပြန်ထားကြောင်းလည်း သိရသည်။

အများပြည်သူများအနေဖြင့်လည်း မလိုလားအပ်သည့် ဆုံးရှုံး နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် ဗဟိုဘဏ်မှ ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here