ကမ္ဘောဒီးယားလိဂ် အဖွင့်ပွဲစဉ်တွင်လက်ရွေးစင် တောင်ပံကစားသမား သီဟဇော် နာဂါဝေါအသင်းအတွက် အနိုင်ဂိုးသွင်းယူ

0
77

ကမ္ဘောဒီးယားလိဂ် အဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား သီဟဇော်သည် နာဂါဝေါအသင်းအတွက် အနိုင်ဂိုး(၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်သည်။

နာဂါဝေါအသင်းအ‌နေဖြင့် ယမန်နေ့ ဩဂုတ် (၁၀)ရက်တွင် ကီရီဗွန်အသင်းဖြင့် ယှဥ်ပြိုင်ခဲ့ရပြီး သီဟဇော်၏ သွင်းဂိုးအပါအဝင် (၂) ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်အပြီး သီဟဇော်သည် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

သီဟဇော်သည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း ကမ္ဘောဒီးယားကလပ် Prey Veng အသင်း၌ ကစားခဲ့ပြီးနောက် ယခုအခါ နာဂါဝေါအသင်းကို ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

အသက် (၃၀) အရွယ် သီဟဇော်သည် ပြီးခဲ့သော ဘောလုံးရာသီအတွင်း Prey Veng အသင်းအတွက် (၂၆) ပွဲကစား (၉) ဂိုးသွင်းပြီး (၁၃) ဂိုး ဖန်တီးပေးနိုင်ခဲ့သူတစ်ဦးဖြစ်သ ည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး သန်းပိုင်၊ နောက်ခံကစားသမား ဇော်မင်းထွန်း၊တိုက်စစ်မှူး အောင်ကောင်းမာန်၊ ကျော်မင်းဦး၊ တောင်ပံကစားသမား သီဟဇော်၊ တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမား ဝေလင်းအောင်တို့မှာ ထိုင်းလိဂ်(၁)၊ (၂)နှင့် မလေးရှားနှင့် ကမ္ဘောဒီယားကလပ်များတွင် သွားရောက်ကစားနေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here