နိုင်ငံတစ်ဝန်း (၃)ရက်အတွင်း ငွေကျပ်သိန်း (၆၄၀၀)ကျော် တန်ဖိုးရှိ တရားမဝင် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

0
83

နိုင်ငံတစ်ဝန်း (၃)ရက်အတွင်း ငွေကျပ်သိန်း (၆၄၀၀)ကျော် တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ ဓါတုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သြဂုတ် (၇) ရက်က ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဓာတုဆေးရည်ဟု ယူဆရသော နီ ညိုရောင်အရည် ကီလိုဂရမ် (၁၃၂၀၀)၊ De-Inking Agent စာတမ်းပါ ဓာတုဆေးရည်ဟု ယူဆရသော အဖြူရောင်အရည် ကီလိုဂရမ် (၂၃၀၀)၊  ပေ (၄၀) ကွန်တိန်နာ (၁) လုံး၊ စားသောက်ကုန်ကြမ်းပစ္စည်း၊ အဝတ်လျှော် ဆပ်ပြာအဆီ (၃၀) ထုပ်၊ Polyethylene Oxide (၂၄၀) ထုပ် အပါအဝင် ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၆,၅၈၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head (၁)စီး နှင့် နောက်တွဲယာဉ် (၁)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁, ၅၈၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် (၈) ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့၊ မြို့အဝင်တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၂) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် ချော ကလက်အနှစ် (၄၈၀၀) ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၆၂ ၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck (၁) စီး၊ Mitsubishi Light Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရုတ်နိုင်ငံထုတ် Galvanized Iron Sheet ကီလိုဂရမ် (၁၅ ၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၆၇၄,၀၀၀) ကို ဖမ်း ဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားသည်။

ထို့အတူ သြဂုတ် (၈) ရက်က ကျိုင်းတုံမြို့နယ်၊ နောင်ဖာဂိတ်အနီး၌ TV Spare Parts အခု (၅၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ (၈)ရက်တွင် ဒိုက်ဦးမြို့၊ မြို့အဝင်ဂိတ်၌ လှိုင်းဘွဲ့မြို့မှ ကျောက်တံခါးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁) စီး ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ်စားအုန်းဆီ (၁၈) လီတာပါ (၁၅၀) ပုံး အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၉၄၄,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Mahar New MPV မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀ ဝ) နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ယာဉ် (၁) စီးပေါ်မှ ထိုင်းနိုင်ငံထုတ် အား ဖြည့်အချိုရည် (၂၀၀၀) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၀၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Scania Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၉ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်နှင့် အခြားသစ် (ခန့်မှန်းတန်ဖိုးငွေကျ ပ် ၄၂၁,၉၆၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၁၆၅,၉၆၆) ကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ထို့အတူ သြဂုတ် (၉) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မော်လိုက်မြို့၊ မြို့မ (၁) ရပ်ကွက်တို့၌  ဘီယာ၊အရက်အပါအဝင် ကုန်ပစ္စည်း (၉) မျိုး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆,၄၂၄,၈၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

သို့ဖြစ်၍ သြဂုတ် (၇) ရက်၊ (၈) ရက်နှင့် (၉) ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၄,၃၅၂,၇၆၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here