မုဒုံမြို့နယ်တွင် မိုးစပါးစုစုပေါင်းဧက (၇၀၀၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီး(၉၅)ရာခိုင်နှုန်း စိုက်ပျိုးထားပြီဖြစ်

0
367

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၂၀၀၉ ဧက စိုက်ပျိုးပြီစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဉ်မျိုးသန့်မျိုးစေ့ပံ့ပိုးပေးခြင်း၊ ကြဲခင်း၊ ရိုးရိုးပျိုးစိုက်ခင်း၊ ဘောင်ပျိုးခင်း၊ ကောက်စိုက်စက်၊ Seeder များဖြင့် စနစ်တကျစိုက်ပျိုးခြင်းနှင့် စံပြကွက်များကို ဖော်ဆောင်ထားရှိကြောင်း သိရသည်။

ထို့ပြင် တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေး၊ စိုက်ပျိုးနည်းပညာများ လက်တွေ့သရုပ်ပြ အသိပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာတွင် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ် စနစ်တို့ဖြင့် အရည်အသွေးကောင်း စပါးမျိုးဖြစ်သည့် ပေါ်ဆန်းရင်အုပ်စုကို အဓိကထားစိုက်ပျိုးကြရာ ပြီးခဲ့သည့်နှစ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ စိုက်ဧက ၇၅၁၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၆၆ ဒသမ ၈၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here