အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီး ISPE အသင်း ရမှတ်အများဆုံးဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေ

0
88

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ ပြိုင်ပွဲ ပွဲစဉ် (၁၂)အပြီးတွင် အမှတ်ပေးဇယားတွင် ရမှတ်(၂၆)မှတ်ဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။

ယမန်နေ့က ဧရာဝတီအသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ISPE အသင်းက (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ရမှတ်(၃)မှတ် ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ်(၂၅)မှတ်ဖြင့် အဆင့် (၂)၊ မြဝတီအသင်းက ရမှတ်(၁၇)မှတ်ဖြင့် အဆင့် (၃)တွင်ရပ်တည်နေသလို ဧရာဝတီအသင်းက ရမှတ်(၁၆)မှတ်ဖြင့်အဆင့် (၄) နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ထို့အတူ သစ္စာအားမာန်အသင်းက အမှတ်(၁၂)မှတ်ဖြင့် အဆင့်(၅)၊ YREO အသင်းက ရမှတ်(၇)မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေပြီး၊ ရှမ်းအသင်းကမူ ရမှတ်သုညဖြင့် အောက်ဆုံးအဆင့်တွင် ပွဲစဉ်တစ်လျှောက်ရပ်တည်နေသည်။

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ် (၁၂)ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရမှတ်မရရှိသေးပေ။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်မှ ဇွန်(၁၁)ရက်အတွင်း ပွဲစဉ် (၇)ပွဲအား လည်းကောင်း၊ ဒုတိယအကျော့အားဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ (၅) ရက်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပုံစာ – ပွဲစဉ် (၁၂)တွင် Ayeyawady အသင်းနှင့် ISPE အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here