အန္တရာယ်ရှိသည့်လုပ်ရပ်ကို ပြုလုပ်ခဲ့သည့် တရုတ်လေတပ်ကို ဖိလစ်ပိုင်စစ်တပ်ကရှုံ့ချ

0
147

မနီလာ၊ဩဂုတ် ၁၀

ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံတို့သည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေတစ်ခုပေါ်တွင် ၎င်းတို့လေယာဉ်များအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားပြီးနောက် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ဖိလစ်ပိုင်စစ်တပ်က တရုတ်လေတပ်၏ “အန္တရာယ်များပြီး ရန်စသည့်လုပ်ရပ်များ” ကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကမူ ၎င်းသည်ဥပဒေအတိုင်း ပြုမူခဲ့ခြင်းသာဖြစ်သည်ဟုပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ် သမ္မတအဖြစ်တာဝန်ယူခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက နှစ်နိုင်ငံရေတပ်များအကြား အငြင်းပွားမှုများရှိခဲ့သော်လည်း လေကြောင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်ဘက်က ပြစ်တင်ရှုံ့ချခဲ့သည်မှာပထမဆုံးအကြိမ်ဖြစ်သည်။

“ဖိလစ်ပိုင်ရေပိုင်နက်ဇုန်အတွင်း ရေကြောင်းလုံခြုံရေး စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်တယ်” ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲကပြောကြားခဲ့ပြီး တရုတ်လေယာဉ်သည် တရားဝင်ပျံသန်းမှုလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်ကာ လေကြောင်းဘေးကင်းရေးဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here