ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယား၌ ဟားရစ်အတွက်မဲဆွယ်စည်းရုံးပေးမည်ဟုဆို

0
150

ဝါရှင်တန်၊ဩဂုတ် ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဒီမိုကရက်တစ်ပါတီမှ လာမည့်ရွေးကောက်ပွဲ၌ သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယသမ္မတကင်မ်မလာဟားရစ်အတွက် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ ကူညီမဲဆွယ်ပေးမည်ဖြစ်ကြောင်း အင်တာဗျူးတစ်ခု၌ပြောကြားခဲ့သည်။

ဟားရစ်သည် ဝင်ကွန်ဆန်၊မီချီဂန်နှင့်ပင်ဆယ်ဗေးနီးယားပြည်နယ်များ၌ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်ထက် လေးမှတ်စီအသာစီးရနေကြောင်း နူးယော့ခ်တိုင်းမ်စ်နှင့် Seina ကောလိပ်မှထုတ်ပြန်သည့်စစ်တမ်းများအရသိရသည်။

မဲဆွယ်ကာလ၌ ဟားရစ်အားကူညီမည်လားဟုမေးသောအခါ သမ္မတဘိုင်ဒင်က ကူညီမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် စည်းရုံးရေးပွဲအစီအစဉ်ခရီးစဉ်ကိုလည်းဆုံးဖြတ်ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

“ပင်ဆယ်ဗေးနီးယားမှမဟုတ်ပါဘူး၊ဟားရစ်ကိုတတ်စွမ်းသမျှကူညီဖို့ ကျွန်တော်ဆုံးဖြတ်ထားပြီးသားမို့ အခြားပြည်နယ်တွေမှာလည်း ကူညီပေးသွားမှာပါ” ဟုလည်း ဘိုင်ဒင်ကဆက်လက်ပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here