ယူဂန္ဓာမှာ အမှိုက်ပုံ ပြိုကျ၍ ‌ေ-သဆုံးသူ ၂၁ ဦးအထိ ရှိလာ

0
67

ယူဂန္ဓာနိုင်ငံ မြို့တော် ကမ်ပါလာရှိ ဧရာမအမှိုက်ပုံကြီး ပြိုကျခဲ့မှုကြောင့် ‌ေ-သဆုံးသူသည်၂၁ ဦးအထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောဆိုသည်။ ကယ်ဆယ်ရေးလုပ်သားများအနေဖြင့် အသက်ရှင်ဖွယ်ရှိသူများအတွက် တူးဖော်ရှာဖွေမှုများ ဆက်လုပ်နေသည်ဟု သိရသည်။

မကြာခင်သီတင်းပတ်များက မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့တော်၏ တစ်ခုတည်းသော အမှိုက်ပုံကြီးမှာ သောကြာနေ့တွင် ပြိုကျသွားခဲ့ပြီး အနီးနားရှိ ဒေသခံများအိပ်ပျော်လျက်ရှိရာ နေအိမ်များကို ဖြိုလှဲ ဖုံးအုပ်သွားခဲ့သည်။

အမှိုက်ပုံကြီးအနီး နေထိုင်သူအားလုံးကို ဖယ်ရှားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်ကို သူ ညွှန်ကြားထားကြောင်း သမ္မတ Yoweri Museveni က ထုတ်ပြန်ပြောဆိုသည်။ အစိုးရက အမှိုက်ပုံပြိုကျမှုဖြစ်ရသည့် အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေးနေပြီး နမော်နမဲ့လုပ်ရပ်မျိုး စစ်ဆေးတွေ့ရှိပါက တာဝန်ရှိသူများကို အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရစစ်ဆေးရေးဋ္ဌာနက ပြောဆိုခဲ့သည်။

လက်ရှိအထိ လူ ၁၄ ဦးကို ကယ်ဆယ်ပေးထားနိုင်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Patrick Onyango က ပြောဆိုပြီး အမှိုက်ပုံအောက် ပိတ်မိနေသူများ ရှိနေနိုင်သေးသော်လည်း အရေအတွက်ကိုမူ မသိရဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

အမှိုက်ပုံပြိုကျမှုကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူများအတွက် အနီးနားတွင် ယာယီတဲများ စီစဉ်ပေးထားသည်ဟု ကြက်ခြေနီအဖွဲ့က ပြောဆိုသည်။

Kiteezi ဟု ခေါ်ဆိုသော အမှိုက်ပုံနေရာသည် ကမ်ပါလာ၏ တစ်ခုတည်းသော အမှိုက်စွန့်ပစ်ရာအဖြစ် ဆယ်စုနှစ်များစွာ အသုံးပြုနေခဲ့ပြီး တောင်ကုန်ကြီးတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများနှင့် ဒေသခံများအတွက် အန္တရာယ်ဖြစ်လာနိုင်သည့် အနေအထားအတွက် ဒေသခံများက အချိန်အတော်ကြာကတည်းက မကျေမနပ်အရေးဆိုမှုများရှိခဲ့ကြောင်း သိရသည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here