ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း က‌လေးငယ်များအတွက် သင်ကြားရေးစင်တာဖွင့်ပွဲ ထိုင်းမြို့တော်ဝန်နှင့် မွေထိုင်းဖိုက်တာ ဘရောနီကာ တက်ရောက်

0
53

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် ၊ဆီလခြားမြို့၊ နောင်ခမ်းရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် မြန်မာရွေ့ပြောင်းကလေးငယ်များအတွက် သင်ကြားရေးစင်တာတစ်ခုဖွင့်ပွဲအပါအဝင် နှစ်ပတ်လည် ဆုပေးပွဲကို ဩဂုတ်(၁၁)ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ဆီလခြားမြို့တော်ဝန်နှင့် ကယန်းမွေထိုင်း လက်ဝှေ့မယ် ဘရော်နီကာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဖြစ်မြောက်ရေးအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများက ဦးဆောင်၍ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ ဆီလခြားမြိုတော်ဝန်အပါအဝင်ထိုင်းနိုင်ငံ ပညာရေး၊ ဘာသာရေးနှင့် လုံခြုံရေးဆိုင်ရာ အာဏာပိုင်များ တက်ရောက်၍ တရားဝင်အသိအမှတ်ပြုကာ ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို မြန်မာစာသင်ကျောင်းလေး အောင်မြင်စွာဖွင့်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင်သူများ၏ ထိုင်းအာဏာပိုင်များအား နည်းမှန်လမ်းမှန် တင်ပြနိုင်ခံမှုမြန်မာရွေ့ပြောင်းကျောင်းသားမိဘများဆရာ၊ဆရာမများနှင့် မြိုမိမြို့ဖများရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ရွေ့ပြောင်းပညာရေးကို စိတ်အားထက်သန်မှုတွေကြောင့်ပါ”ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) ဦးဆောင်သူ ဦးထူးချစ်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောကြားထားသည်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့အပါအဝင် ထိုင်းနိုင်ငံအတွင်းတွင်ရွှေ့ပြောင်း အခြေခံပညာကျောင်း (၆၅) ကျောင်းကျော်ရှိနေပြီး နှစ်စဉ် ကျောင်းသားဦးရေ တစ်သောင်းကျော် တက်ရောက်နေကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here