မွန်ပြည်နယ်၌ ဆားထုတ်လုပ်မှု ဧက (၄၇၀၀)မှ ဆားတန်ချိန်(၄၅၀၀၀)ကျော် ထွက်ရှိ

0
77

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုဧက (၄၇၀၀)မှ ဆားတန်ချိန် (၄၅၀၀၀) ကျော်ထွက်ရှိကာ ပြည်တွင်းဆားစားသုံးမှုလုံလောက်စွာ ရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုရာသီသည် နှစ်စဉ်ဒီဇင်ဘာလမှ စတင်၍ ဧပြီလတွင် မိုးရွာသွန်းပါက ခေတ္တရပ်နားကာ မိုးရွာသွန်းမှုမရှိပါက မေလကုန်အထိ လုပ်ကိုင်ဆောင်ရွက်ကြသည်။

ဆားများကို ပင်လယ်အငွေ့ပြန်ခြင်းစနစ်ဖြင့် ထုတ်လုပ်ကြရာ ပင်လယ်နှင့် ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်ကြပြီး မွန်ပြည်နယ်မှထွက်ရှိသည့် ဆားများကို ပြည်တွင်းရှိ မွန်၊ ကရင်၊ တနင်္သာရီနှင့် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြည်နယ်အတွင်း ဆားလုပ်ငန်းရှင် (၉၀)ဦးမှ ဆားထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆားများကို နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာမည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရရှိစေမည်ဖြစ်ကြောင်းလည်း ဒေသတွင်း ဆားလုပ်ငန်းရှင်းမျာားထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယခုနှစ်ဆားထုတ်လုပ်ရာသီ၌ ဆားကွင်းပေါင်း(၉၀) ၊ ဆားထုတ်လုပ် ဧက (၄၇၀၀) မှ ဆားတန်ချိန် (၄၇၀၀၀)ခန့်ထွက်ရှိရန် မျှော်မှန်းထားသော်လည်း မိုးများရွာသွန်းမှုကြောင့် (၄၅၀၀၀)ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here