ခန်းယူနစ်သို့ အစ္စရေးတပ်များဝင်လာ၍ ဂါဇာဒေသခံ ၇၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

0
334
Palestinians flee the Hamad residential district in Khan Yunis in the southern Gaza Strip after receiving a warning from the Israeli army to evacuate the area on August 11, 2024, amid the ongoing conflict between Israel and the Hamas militant group. (Photo by Bashar TALEB / AFP)

ခန်းယူနစ်၊ဩဂုတ် ၁၂

ဂါဇာတောင်ပိုင်းသို့ထိုးစစ်ဆင်မှုကိုထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ကြေငြာချက်ထွက်ပေါ်လာပြီးနောက် အဆိုပါဒေသရှိ ဒေသခံ ပါလက်စတိုင်းပြည်သူများသည် ဘေးလွတ်ရာထပ်မံတိမ်းရှောင်ရပြန်ကြောင်းသိရှိရသည်။

အစ္စရေးနှင့်ဟားမတ်စ်အကြား ယမန်နှစ် အောက်တိုဘာ (၇) ရက်က စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် ၁၀ လ တာ ကာလ နီးပါးရှိလာပြီးဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း မအောင်မြင်သေးပေ။

ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်က အီရန်၏မဟာမိတ် စစ်သွေးကြွခေါင်းဆောင်ကို လုပ်ကြံသ–တ်ဖြ–တ်ခဲ့မှုနှင့်ပတ်သက်၍လည်း အရှေ့အလယ်ပိုင်းတွင် သံတမန်ရေးတင်းမာမှုများမြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အထိ အန္တရာယ်ကင်းသည့် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာနေရာအဖြစ်သတ်မှတ်ထားသည့် အယ်လ်ဂျာလာခရိုင်အတွင်းအစ္စရေးစစ်တပ်က ထိုးစစ်အသစ်အတွက် အန္တရာယ်သတိပေးချက်လက်ကမ်းစာစောင်များကို ကြဲချခဲ့ပြီး လက်ကိုင်ဖုန်းများသို့လည်း စာတိုပေးပို့သတိပေးမှုများလုပ်သဖြင့် ဒေသခံများတိမ်းရှောင်ကြရခြင်းဖြစ်သည်ဟုလည်းသိရသည်။

မိမိတို့၏တပ်ဖွဲ့ဝင်များက အယ်လ်ဂျာလာခရိုင်အတွင်းရှိ အကြမ်းဖက်သမားများအား ထိုးစစ်ဆင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် အဆိုပါဒေသရှိသာမန်ပြည်သူများအနေဖြင့် ယာယီတိမ်းရှောင်ပေးရန်လည်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

နယ်မြေတစ်ခုလုံး၌ လူဦးရေ ၂ ဒသမ ၄ သန်းခန့်ရှိသည့် ဂါဇာကမ်းမြောင်‌ဒေသ၌ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လူပေါင်း ၇၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအေဂျင်စီ UNRWA ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

Palestinians flee the Hamad residential district and its surroundings in Khan Yunis in the southern Gaza Strip after receiving a warning from the Israeli army to evacuate the area on August 11, 2024, amid the ongoing conflict between Israel and the Hamas militant group. (Photo by Bashar TALEB / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here