မူဆယ်မြို့တွင် စွန်ပစ်ခံထားရသည့် အသက်(၇၅)နှစ်အရွယ်အဖိုးအို ကို နှလုံးလှ ပရဟိတအသင်းက ရာသက်ပန်စောင့်ရှောက်သွားမည်

0
210

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မင်္ဂလာမူဆယ် အနောက်ဖက်လမ်းမကြီးဘေးတွင်စွန့်ပစ်ထားခံရသည့် အသက် (၇၅)နှစ် အရွယ် အဖိုးတစ်ဦးကို မူဆယ်အခြေစိုက် နှလုံးလှပရဟိတအသင်းက ရာသက်ပန် ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

အဆိုပါ အဖိုးအိုအား ယခု ဩဂုတ် (၁၀)ရက်က စွန့်ပစ်ခံထားရခြင်းဖြစ်ပြီး၊ အသင်းကတွေ့ရှိရာမှ အသင်းရုံးသို့ခေါ်ဆောင်လာကာ သုံးရက်အကြာ စောင့်ရှောက်ထားစဉ် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ဩဂုတ်(၁၂)ရက်၌ မူဆယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးနေထားကြောင်း ဆိုသည်။

” အသင်းရုံးကို ရောက်တာ(၃)ရက်ရှိပြီ။ အဖိုးကတော့တန့်ယန်းကလိုလည်း လျှောက်ပြောနေတာ။ မူဆယ်မှာ သူအမျိုးတွေရှိတယ်။ သွားအကြောင်းကြားတော့ မစောင့်ရှောက်နိုင်ဘူးဆိုတာနဲ့ အသင်းရူံမှာဘဲ ခေါ်ပြီးစောင့်ရှောက်ထားတယ်။ ရေရှည်အတွက်ကတော့ အသင်းကဘဲ ရာသက်ပန်စောင့်ရှောက်သွားရမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

အသင်း၏ စုံစမ်းမေးမြန်းမှုများအရ အ
ဖိုးအိုမှာ မူဆယ်မြို့မြောက်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး သားသမီး(၃)ဦးရှိကြောင်း သိရသည်။

သက်ကြီးရွယ်အိုများကို မစောင့်ရှောက်နိုင်ပါက လမ်းဘေးတွင် စွန့်ပစ်ထားခြင်းမျိုးမပြုလုပ်သင့်ဘဲ ၊ သက်ဆိုင်ရာ ပရဟိတအသင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ချိတ်ဆက်ကာပို့ဆောင်သင့်ကြောင်း ဆိုသည်။

ဓာတ်ပုံ-နှလုံးလှပရဟိတ(မူဆယ်) /ပေးပို့


LEAVE A REPLY

Please enter your comment!
Please enter your name here