(၅၆)ကြိမ်မြောက် အာရှအမျိုးသားကိုယ်ကာယပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကိုထက်လင်းကိုကို ငွေတံဆိပ်ဆု တစ်ခု နိုင်ငံကိုယ်စားပြု ထပ်မံရရှိ

0
79

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ (56th Asian Body Building and Physique Sports Championships 2024 (Indonesia) အမျိုးသားကိုယ်ကာယပွဲစဉ်တွင် ပြိုင်ပွဲဝင် ကိုထက်လင်းကိုကိုက ငွေတံဆိပ်ဆု တစ်ခုအားနိုင်ငံကိုယ်စားပြု ထပ်မံရယူပေးနိုင်ခဲ့သည်။

အလားတူ ပြိုင်ပွဲမှ ကိုကိုကျော်ဖြိုးက စတုတ္ထဆု၊ ပြိုင်ပွဲဝင် ကိုသန်းထိုက်အောင်က ပဥွမဆုနှင့် BodyBuilding (၈၅)ကီလိုတန်း ပြိုင်ပွဲမှ ပြိုင်ပွဲဝင် ကိုဟိန်းထက်ကျော်က ပဥွမဆုတစ်ဆု အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

ယမန်နေ့က ပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲတွင် Men’s Bodybuilding 75kg တန်းမှ ကိုရဲထွန်းနောင်က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိထားသလို Women Model Physique up to 160cm ပြိုင်ပွဲ၌မနီနီအောင်( မရွှန်းပြည့်အိမ်) ကလည်း ရွှေတံဆိပ်ဆု တစ်ဆု နိုင်ငံအတွက်ဆွတ်ခူးထားနိုင်ခဲ့သည်။

ထို့အပြင် Women’s Athletics Physique up to 160cm ပြိုင်ပွဲတွင်လည်း မပိုင်လေးက ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြခြင်းကြောင်း ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ရွှေ(၂)ဆု၊ငွေ(၂)ဆုတို့ကို အသီးသီးဆွတ်ခူးထားနိုင်ခဲ့သည်။

အဆိုပါ (၅၆)ကြိမ်မြောက် အာရှကိုယ်ကာယနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ဩဂုတ် (၆)ရက်နေ့မှ ယနေ့ ဩဂုတ်(၁၂)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here